ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာအုပ်စု၊ သရက်ခုန်ကျေးရွာ၌ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့်တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်‌ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာအုပ်စု၊ သရက်ခုန်ကျေးရွာ၌ (၄.၈.၂၀၂၄)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင်ဖြစ်ပွားခဲ့သော  ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး‌ငွေ (၁၀၀,၀၀ဝ/-)၊ ဘေးသင့်လူဦးရေ (၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂,၆၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၂,၆၀၀/-)တို့အား နေပြည်တော်ကောင်စီဝင်၊ ဦးမြင့်စိုးနှင့်အတူ (၅-၈-၂၀၂၄)ရက်နေ့၊ နံနက်(၁၆:၀၀) အချိန်တွင်  ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe

#‌npw_aug2024

Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events