လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၂၄) ရက်နေ့၊ (၁၈:၁၅) နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာ သီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စု၊ ဘဲကုန်း(မ)ကျေးရွာ၌ ဖြစ်ပွားခဲ့သော မန်ကျည်းပင်လဲကျမှုကြောင့် ပျက်စီးခဲ့ သည့် တစ်စိတ်တစ်ပိုင်းနေအိမ် (၆)လုံးမှ ဘေးသင့်အိမ်ထောင်စု (၆) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၈၀၀၀၀ိ/-)၊ ဘေးသင့်လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂၆၀၀ိ/-) စုစုပေါင်းထောက်ပံ့ငွေ (၁၉၂၆၀၀ိ/-)အား (၅-၈-၂၀၂၄) ရက်နေ့၊ (၁၂:၃၀)နာရီအချိန်တွင် ဘဲကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတို့နှင့်အတူ ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#npw_aug_2024
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)