ရေကြီးခြင်းသတိပေးချက်

ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ် ၄၄.၀၃ ပေ (၁၃၄၂ စင်တီမီတာ)အောက် ၄ လက်မခန့် (၉ စင်တီမီတာ)တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၁ ရက်အတွင်း ယင်းမြို့ ၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဇလွန်မြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ် ၃၈.၀၆ ပေ (၁၁၆၀ စင်တီမီတာ)အောက် ပေဝက်ခန့် (၁၅ စင်တီမီတာ)တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၂ ရက်အတွင်း ယင်းမြို့ ၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

သို့ဖြစ်ပါ၍ ဟင်္သာတမြို့နယ်နှင့် ဇလွန်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုထားပါသည်။

 

Sign Up

Upcoming Events