ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ကူသပိတ်ကျေးရွာအုပ်စု၊ ကြက်သွန်ခင်းကျေးရွာနှင့် စည်ပိုင်းကျေးရွာအုပ်စု၊ စည်ပိုင်းကျေးရွာအုပ်စုတို့၌ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့်တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်‌ဝေးမြို့နယ်၊ ကူသပိတ်‌ကျေးရွာအုပ်စု၊ ကြက်သွန်ခင်းကျေးရွာနှင့် စည်ပိုင်းကျေးရွာအုပ်စု၊ စည်ပိုင်းကျေးရွာအုပ်စုတို့၌ (၃.၈.၂၀၂၄)ရက်နေ့၊ (၀၈:၀၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော  ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး‌ငွေ (၃၀၀,၀၀ဝ/-)၊ ဘေးသင့်လူဦးရေ (၁၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၇၃,၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃,၂၇၃,၀၀/-)တို့အား နေပြည်တော်ကောင်စီဝင်၊ ဦးမြင့်စိုးနှင့်အတူ (၃-၈-၂၀၂၄)ရက်နေ့၊ နံနက်(၁၂:၀၀) အချိန်တွင်  ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ‌ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe

#‌npw_aug2024

Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events