ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ လယ်ဝေးခရိုင်၊လယ်ဝေးမြို့နယ်၊ညိုပင်ကျေးရွာအုပ်စု၊သုံးတန်ကူးကျေးရွာ၌ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့်တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ လယ်ဝေးခရိုင်၊လယ်‌ဝေးမြို့နယ်၊ ညိုပင်ကျေးရွာအုပ်စု၊ သုံးတန်ကူးကျေးရွာ၌ (၁.၈.၂၀၂၄)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်တွင်ဖြစ်ပွားခဲ့သော  ကမ်းပြိုဘေးကြောင့်ပျက်စီးခဲ့သည့် နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး‌ငွေ (၂၀၀,၀၀ဝ/-)၊ ဘေးသင့်လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၈,၄၀ဝ/-)၊စုစုပေါင်းထောက်ပံ့ငွေ (၂၀၈,၄၀၀/-)တို့အား နေပြည်တော်ကောင်စီဝင်၊ ဦးမြင့်စိုးနှင့်အတူ (၁-၈-၂၀၂၄)ရက်နေ့၊ နံနက်(၁၂:၀၀) အချိန်တွင်  ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ‌ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe

#‌npw_aug2024

Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events