ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ လယ်ဝေးခရိုင်၊လယ်ဝေးမြို့နယ်၊ ညိုပင်ကျေးရွာအုပ်စု ၊သုံးတန်ကူးကျေးရွာ၌ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့်တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ လယ်ဝေးခရိုင်၊လယ်‌ဝေးမြို့နယ်၊ ညိုပင်ကျေးရွာအုပ်စု ၊သုံးတန်ကူးကျေးရွာ၌ (၃၀.၇.၂၀၂၄)ရက်နေ့၊ (၀၈:၀၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော  ကမ်းပြိုဘေးကြောင့်ပျက်စီးခဲ့သည့် နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး‌ငွေ (၂၀၀,၀၀ဝ/-)၊ ဘေးသင့်လူဦးရေ (၁၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၅,၂၀ဝ/-)၊စုစုပေါင်းထောက်ပံ့ငွေ (၂၂၅,၂၀၀/-)နှင့် အိမ်ထောင်စု(၂)စုစာအတွက်(၁၀၇,၆၇၈/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပုံး(၂)ပုံးတို့အား နေပြည်တော်ကောင်စီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာများနှင့်အတူ (၃၁-၇-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀) အချိန်တွင်  ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ‌ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe

#‌npw_aug2024

Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events