မြောင်းမြမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်များ၌ ရေဘေးနှင့် မြေပြိုဘေး အန္တရာယ်ဆိုင်ရာ ဆောင်ရန် / ရှောင်ရန်အချက်များအား လိုက်လံနှိုးဆော်အသိပညာပေးခြင်း၊ ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများပူးပေါင်း၍ (၂၈-၇-၂၀၂၄)ရက်နေ့တွင် မြောင်းမြမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်များ၌ မိုးကြိုကာလအတွင်း ဖြစ်ပွားလေ့ရှိသော ရေဘေးနှင့် မြေပြိုဘေး အန္တရာယ်ဆိုင်ရာ ဆောင်ရန် / ရှောင်ရန်အချက်များအား ရပ်ကွက်၊ ကျေးရွာနေပြည်သူများ သိရှိစေရန်အတွက် လိုက်လံနှိုးဆော်အသိပညာပေးခြင်း၊ ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#‌ayy_jul2024

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events