မွန်ပြည်နယ်၊သထုံမြို့နယ် ၊စျေးမသွယ်အထက်ကျေးရွာ၊ သရက်ညီနောင်ကျေးရွာနှင့် ဒူးရင်းဆိပ်ကျေးရွာတို့တွင် ရေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၈.၇.၂၀၂၄)ရက်နေ့မှ (၃၁.၇.၂၀၂၄)ရက်​​နေ့ အထိ သထုံမြို့နယ် စျေးမသွယ်အထက်ကျေးရွာ၊ သရက်ညီနောင်ကျေးရွာနှင့် ဒူးရင်းဆိပ်ကျေးရွာတို့တွင် မိုးများစွာရွာသွန်း၍ ဒုံသမိမြစ်ရေမြင့်တက်လာမှုကြောင့် ရန်ကင်း​အောင်ဓမ္မာရုံ၊ ရွာဦးဘုန်းကြီးကျောင်း၊ ရွာလယ်ဓမ္မာရုံနှင့် တပ်ဦးဘုန်းကြီးကျောင်းကယ်ဆယ်ရေးစခန်းတို့ရှိ ထပ်တိုးအိမ်ထောင်စု (၄၂)စုတို့မှ (၁၈)နှစ်အထက် ကျား (၆၈)ဦး၊ မ (၆၆)ဦးနှင့် (၁၈)နှစ်အောက် ကျား (၁၇)ဦး၊ မ (၂၇)ဦး စုစုပေါင်း လူဦးရေ (၁၇၈)ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၃၇၃,၈၀ဝိ/-)ကျပ်အား (၃၁.၇.၂၀၂၄)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_fld

#mon_jul2024

Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events