ပေါင်မြို့နယ်၊ ကတွန်ကျေးရွာ၊ ဘူတာရုံပိုင်းကျေးရွာနှင့် ဇင်းကျိုက်မြို့၊ ဇင်းကျိုက်ရပ်ကွက်တို့တွင် လေဘေးထောက်ပံ့မှုသတင်းနှင့် ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာတွင် ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၂၄) ရက်နေ့၊ (၀၈း၃၀) နာရီအချိန်တွင် ပေါင်မြို့နယ်၊ ကတွန်ကျေးရွာနှင့် ဇင်းကျိုက်မြို့၊ ဇင်းကျိုက်ရပ်ကွက်တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အိမ်ထောင်စု(၄)စု၊ နေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀ိ/-)၊ လူဦးရေ (၁၉)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၉,၉၀၀ိ/-)၊ (၂၆-၇-၂၀၂၄)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာအုပ်စု၊ ဘူတာရုံပိုင်းကျေးရွာတွင်  လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အိမ်ထောင်စု(၁)စု၊ နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀၀ိ/-)၊ လူဦးရေ (၂)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄,၂၀ဝိ/-)၊ (၂၆-၇-၂၀၂၄)ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာတွင် သံလွင်မြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်(၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၀,၀၀၀ိ/-) နှင့် လူဦးရေ(၃၀)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၃,၀၀၀ိ/-)   စုစုပေါင်းထောက်ပံ့ငွေ (၁,၂၅၇,၁၀၀ိ/-)တို့အား (၂၉-၇-၂၀၂၄)ရက်နေ့၊  (၁၃း၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw_rbe

##‌mon_jul_2024

Source: ပေါင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events