လယ်ဝေးမြို့နယ်အတွင်းရှိ ရုံးပင်အုပ်စု၊ ရုံးပင်ကျေးရွာ၊ ငှက်ပျောတောကျေးရွာ၊ ကြံခင်းစုကျေးရွာနှင့် ရွာသစ်ကျေးရွာများတွင် သဘာဝဘေးအသိပညာပေးပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်မှစ၍ လယ်ဝေးမြို့နယ်အတွင်းရှိ ရုံးပင်အုပ်စု၊ ရုံးပင်ကျေးရွာ၊ ငှက်ပျောတောကျေးရွာ၊ ကြံခင်းစုကျေးရွာနှင့် ရွာသစ်ကျေးရွာများတွင် သဘာဝဘေးအန္တရာယ်များ အနက် ယခုကာလတွင်ဖြစ်ပေါ်တတ်သည့် ရေဘေးအန္တရာယ်နှင့် မြေပြို/ကမ်းပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား လိုက်လံနှိုးဆော်အသိပညာ ပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#‌npw_jul_2024

Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events