ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ရေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၂၄) ရက်နေ့တွင် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ (ရှေ့ဆောင်၊ ငဝန်) ဒေါင်ကြီးဘက်ကျေးရွာအုပ်စုတို့တွင် ငဝန်မြစ်ရေတက်မှုကြောင့်  ရွှေပရိတ်ဓမ္မာရုံ၊‌   သောင်ဖျားဘုန်းတော်ကြီးကျောင်း (မြစ်ဆယ်ဓမ္မာရုံ) သို့ယာယီပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စု (၁၉) စုမှ လူဦးရေ (၇၅) ဦးတို့အတွက်ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၅၇,၅၀၀ိ/-)နှင့် ကာဘော် လစ်ဆပ်ပြာ (၁၉)တောင့်အား (၂၆-၇-၂၀၂၄) ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူ ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld

#ayy_Jul_2024

Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events