လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၂၄) ရက်နေ့မှ (၂၈-၇-၂၀၂၄) ရက်နေ့အထိ သထုံမြို့နယ်၊ စျေးမသွယ်အထက်ကျေးရွာ၊ သရက်ညီနောင်ကျေးရွာနှင့် ဒူးရင်းဆိပ်ကျေးရွာတို့တွင် မိုးသည်းထန်စွာရွာသွန်း၍ ဒုံသမိမြစ်ရေမြင့်တက်လာမှုကြောင့် ရန်ကင်းအောင်ဓမ္မာရုံ၊ ရွာဦးဘုန်းကြီးကျောင်း၊ ရွာလယ်ဓမ္မာရုံနှင့် တပ်ဦးဘုန်းကြီးကျောင်းကယ်ဆယ်ရေးစခန်းတို့ရှိ အိမ်ထောင်စု (၁၅၀) စုတို့မှ စုစုပေါင်း လူဦးရေ (၆၀၉) ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁,၂၇၈,၉၀ဝိ/-) ကျပ်အား (၂၉-၇-၂၀၂၄) ရက်နေ့ (၁၃:၃၀) နာရီအချိန်တွင် သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fld
#mon_Jul_2024
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)