ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ နှောကုန်းကျေးရွာတွင် ရေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၇-၂၀၂၄) ရက်နေ့တွင် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ နှောကုန်းကျေးရွာတွင် ငဝန်မြစ်ရေတက်မှုကြောင့် နှောကုန်း ဘုန်းတော်ကြီးကျောင်းသို့ ယာယီပြောင်းရွှေ့နေထိုင်သည့်အိမ်ထောင်စု (၁၅) စုရှိ လူဦးရေ (၆၀) ဦးတို့ အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂၆,၀၀၀ိ/-) အား (၂၅-၇-၂၀၂၄) ရက်နေ့ (၁၂:၃၀) နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူ ဘေးသင့်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။

#ha_fld

#ayy_Jul_2024

Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events