လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၂၄) ရက်နေ့မှ(၂၈-၇-၂၀၂၄) ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်း၍ ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့် ဘီးလင်းမြို့နယ်၊ ကယ်ဆယ်ရေးစခန်း (၁၈) ခုရှိ ထပ်တိုးအိမ်ထောင်စု (၁,၂၉၉) စုတို့မှ ထပ်တိုးလူဦးရေ (၅,၁၈၆) ဦးတို့အတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၀,၈၉၀,၆၀ဝိ/-)ကျပ်အား (၂၉-၇-၂၀၂၄)ရက်နေ့ (၁၄ : ၀၀)နာရီအချိန်တွင် ဘီးလင်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့်အတူ ရေဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fld
#mon_Jul_2024
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)