မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကမ်းပြိုကျေးရွာ အုပ်စု၊ ရေကျော်ကျေးရွာ၌ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ  တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကမ်းပြိုကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာ၌ (၂၄ – ၇- ၂၀၂၄) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့်  ပြောင်းရွှေ့ခဲ့ရသော  လူနေအိမ်(၂)လုံးနှင့် ဘေးသင့်ပြည်သူ(၈)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀ိ/-)၊  ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ  (၁၆,၈၀၀ိ/-)၊  စုစုပေါင်းထောက်ပံ့ငွေ (၂၁၆,၈၀၀ိ/-)အား  (၂၆-၇-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့ အုပ်ချုပ်ရေးမှူးရုံးတွင်  ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe

#‌ayy_jul_2024

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events