လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၇.၂၀၂၄ ) ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်မှစ၍ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အေးမြင့်သာယာ၊ သာယာအေး၊ ပေါက်တော၊ တံတားဦး၊ တောက်ထိန်ကျေးရွာများတွင် သဘာဝေဘးအန္တရာယ်များအနက် ယခုကာလတွင် ဖြစ်ပေါ်တတ်သည့် ရေဘေးအန္တရာယ်နှင့် မြေပြို/ ကမ်းပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များကို ပြည်သူများ သိရှိစေရန်အတွက် အသိပညာပေးလိုက်လံနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#np_ jul_2024
Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)