လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အမှတ် (၁၂) ရပ်ကွက်တွင် (၂၆-၇-၂၀၂၄) ရက်နေ့ (၁၃း၃၀) နာရီအချိန်၌ င၀န်မြစ်ရေမြင့် တက်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းခြင်းတို့ကြောင့် ရေ၀င်နစ်မြုပ်အိမ်ခြေ (၁၃) လုံး၊ အိမ်ထောင်စု (၁၃) စုမှ ယာယီရေဘေးရှောင်ပြောင်းရွှေ့လူဦးရေ (၅၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၁၃,၄၀ဝိ/-) နှင့် ကာဘော်လစ်ဆပ်ပြာ (၁၃) တောင့်တို့အား (၂၇-၇-၂၀၂၄)ရက်နေ့ (၁၅း၀၀)နာရီအချိန်တွင် ပုသိမ်ခရိုင်မီးသတ်ဦးစီးဌာန ၊ ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာ၀န်ရှိသူများနှင့် အတူ ဘေးသင့်ပြည်သူများလက်၀ယ်သို့အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။
#ha_fld
#ayy_Jul_2024
Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)