မင်းလှမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စု/ ကျေးရွာနှင့် ပျဥ်းမကုန်းကျေးရွာတို့တွင် ဖြစ်သွားသော ရေဘေးထောက်ပံ့မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၇-၂၀၂၄) ရက်နေ့တွင် မင်းလှမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စု/ ကျေးရွာနှင့် ပျဥ်းမကုန်းကျေးရွာတို့တွင် ဖြစ်သွားသောရေဘေးမှ ယာယီ ပြောင်းရွှေ့နေထိုင်သော အိမ်ခြေ (၃၅)လုံး၊ အိမ်ထောင်စု (၃၅) စုရှိ ရေဘေးသင့်လူဦးရေ (၉၆) ဦးတို့အား ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၀၁,၆၀၀ိ/-) အား (၂၄-၇-၂၀၂၄) ရက်နေ့ (၁၂း၃၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ခရီးစဥ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီး ဦးစီးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

#ha_fld

#bgo_Jul_2024

Source: မင်းလှမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events