မင်းလှမြို့နယ်၊ ကြို့ကုန်း (၁) ကျေးရွာအုပ်စု၊ အနောက်ကြို့ကုန်းကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၇-၂၀၂၄) ရက်နေ့တွင် မင်းလှမြို့နယ်၊ ကြို့ကုန်း (၁) ကျေးရွာအုပ်စု၊ အနောက်ကြို့ကုန်းကျေးရွာတွင် ဖြစ်ပွားသောလေဘေးမှ တစ်စိတ်တစ်ပိုင်း အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀၀ိ/-)၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၈,၄၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၅၈,၄၀၀ိ/-) အား (၂၆-၇-၂၀၂၄) ရက်နေ့ (၁၄း၀၀) နာရီအချိန်တွင်  မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#bgo_Jul_2024

Source: မင်းလှမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events