လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကျွန်းလျားရှည် အုပ်စု၊ အိုးဘိုကျေးရွာတွင် (၂၅-၇-၂၀၂၄)ရက်နေ့ (၀၈း၃၀)နာရီအချိန်မှ (၁၃း၀၀) နာရီအချိန်ထိ င၀န်မြစ်ရေမြင့်တက်မှုကြောင့် ရေ၀င်နစ်မြုပ်အိမ်ခြေ (၁၁)လုံး၊ အိမ်ထောင်စု (၁၁) စုမှ အိုးဘိုဘကကျောင်းသို့ ယာယီရေဘေးရှောင်ပြောင်းရွှေ့ လူဦးရေစုစုပေါင်း (၅၈) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂၁,၈၀ဝိ/-) အား (၂၆-၇-၂၀၂၄)ရက်နေ့ (၁၆း၅၀) နာရီအချိန်တွင် သက်ဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်၀ယ်သို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fld
#ayy_Jul_2024
Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)