ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ မင်းကုန်းအုပ်စု၊ မောင်ဘိကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၅-၇-၂၀၂၄)ရက်​နေ့ (၀၁း၀၀) နာရီအချိန်၌ ပုသိမ် ခရိုင်၊ ပုသိမ်မြို့နယ်၊ မင်းကုန်းအုပ်စု၊ ​မောင်ဘိကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး ​လေပြင်းတိုက်ခတ် မှုကြောင့် (ဓန်မိုး၊ ဓနိကာ၊ ပျဥ်ခင်း) ​ပြိုကျပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေ (၁၀၀,၀၀ဝိ/-)၊ ​ဘေးသင့်လူဦး​ရေ (၄) ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး​ထောက်ပံ့​ငွေ (၈,၄၀ဝိ/-)၊ စုစု​ပေါင်း​ထောက်ပံ့​ငွေ (၁၀၈,၄၀ဝိ/-) နှင့် ကယ်ဆယ်​ရေးပစ္စည်း (၁၇) မျိုး စက္ကူပုံးပါ(၁)ပုံး၊ (၁၀၇,၆၇၈/-) တို့အား (၂၆-၇-၂၀၂၄)ရက်​နေ့ (၁၄း၁၅) နာရီအချိန်တွင် သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့မှ တာ၀န်ရှိသူများနှင့်အတူ ​ဘေးသင့်ပြည်သူများလက်၀ယ်သို့အ​ရောက် ​ကွင်းဆင်းထောက်ပံ့​ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#ayy_Jul_2024

Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events