မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာတွင် ရေဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၇-၂၀၂၄) ရက်နေ့ (၁၆:၂၀) နာရီအချိန်တွင် သထုံ မြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာတွင် ဒုံသမိမြစ်ရေမြင့်တက်လာမှုကြောင့် ရွာလယ်ဓမ္မာရုံနှင့် တပ်ဦးဘုန်းကြီး ကျောင်းကယ်ဆယ်ရေးစခန်းတို့ရှိ အိမ်ထောင်စု (၄၄) စုရှိ လူဦးရေ (၁၉၆) ဦးတို့အတွက် (၇) ရက်စာ ဆန် ရိက္ခာဖိုးထောက်ပံ့ငွေ (၄၁၁,၆၀ဝိ/-) အား (၂၆-၇-၂၀၂၄)ရက်နေ့ (၁၀:၃၀) နာရီအချိန်တွင် ခရိုင်/ မြို့နယ် ဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ရေဘေးသင့် ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld

#mon_Jul_2024

Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events