မင်းလှမြို့နယ်၊ ရွှေလောင်းကျေးရွာအုပ်စု၊ ဆင်ချောင်းကျေးရွာ၌ ရေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၇-၂၀၂၄) ရက်နေ့တွင် မင်းလှမြို့နယ်​၊ ရွှေလောင်းကျေးရွာအုပ်စု၊ ဆင်ချောင်းကျေးရွာ၌ ဖြစ်ပွားခဲ့သော ရေဘေးမှ ကြိုတင်ဖျက်သိမ်း လူနေအိမ် (၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၄၀၀,၀၀၀ိ/-)ကျပ် ၊ အိမ်ထောင်စု (၄)စုရှိ လူဦးရေ (၁၃)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ဖိုးထောက်ပံ့ငွေ (၂၇,၃၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၂၇,၃၀၀ိ/-) ကျပ်တို့အား (၂၄-၇-၂၀၂၄) ရက်နေ့၊ (၁၂:၃၀) နာရီအချိန်တွင် မင်းလှမြို့နယ်မှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်များထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld

#‌bgo_jul_2024

Source: မင်းလှမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events