ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ်တွင် ရေဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၇-၂၀၂၄) ရက်နေ့တွင် အုတ်ဖိုမြို့နယ်၊ တက်ဆွဲကျေးရွာအုပ်စု၌ဖြစ်ပွားခဲ့သော ရေဘေးကြောင့် မျောပါပျက်စီးအိမ်ခြေ (၆) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,၀၀၀ိ/-)၊ လူဦးရေ (၁၇) ဦးအတွက် (၇) ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၅,၇၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၆၃၅,၇၀ဝိ/-)နှင့် ကယ်ဆယ်​ရေးပစ္စည်း (၁၆) မျိုးပါ ပုံး (၆) ပုံး၊ တန်ဖိုးငွေ (၇၄၈,၁၀၈) ကျပ်နှင့် စက္ကူပုံး (၆) ပုံးတို့အား  (၂၄-၇-၂၀၂၄)ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် အုတ်ဖိုမြို့နယ်မှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld

#bgo_Jul_2024

Source: မင်းလှမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events