ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာတွင် ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၇-၂၀၂၄) ရက်နေ့ (၁၄း၀၀) နာရီအချိန်တွင် ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာတွင် သံလွင်မြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှု ကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀၀,၀၀ဝိ/-)နှင့် လူဦးရေ (၁၇) ဦးအတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၅,၇၀ဝိ/-) စုစုပေါင်းထောက်ပံ့ငွေ (၅၃၅,၇၀ဝိ/-) အား (၂၅-၇-၂၀၂၄) ရက်နေ့ (၁၁း၀၀) နာရီအချိန်တွင် ပေါင်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#mon_Jul_2024

Source: ပေါင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events