သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ကွင်းလျားရှည်ကျေးရွာအုပ်စု၊ ကွင်းလျားရှည်ကျေးရွာ၌ လေဘေး ထောက်ပံ့မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၇-၂၀၂၄) ရက်နေ့၊ (၁၉:၄၅) နာရီအချိန်တွင် သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ကွင်းလျားရှည်ကျေးရွာအုပ်စု၊  ကွင်းလျားရှည်ကျေးရွာ၌  မိုးသည်း ထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်ခြေ (၁) လုံး (လုံးဝပျက်စီး) ခဲ့ပြီး  အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦး လေဘေးသင့်ခဲ့ပြီး (၃) ဦး ဒဏ်ရာရရှိခဲ့ပါသည်။ အဆိုပါ လေဘေးသင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀ဝိ/-)၊ လုံးဝပျက်စီးအိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀ဝိ/-)၊ ဒဏ်ရာရလူဦးရေ (၃)ဦးအတွက် ထောက်ပံ့ငွေ (၁၅၀,၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၅၈,၄၀ဝိ/-) နှင့် (၁၀၈,၀၀၆/-) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ အိမ်ထောင်စု (၁) စုစာတို့အား (၂၅-၇-၂၀၂၄) ရက်နေ့၊  နေ့လယ်(၁၁:၅၀) နာရီ အချိန်တွင် ဘေးသင့်ပြည်သူများ၏ လက်၀ယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#‌ygn_jul_2024

Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events