ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ဇေယျာသီရိမြို့နယ်အတွင်း၌ အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၇-၂၀၂၄ ) ရက်နေ့၊ နံနက်(၀၉:၀၀) အချိန်တွင် ဇေယျာသီရိမြို့နယ်အတွင်း ဆည်၊ မြစ်ချောင်းတလျှောက်ရှိ စည်ပင်ကြီးကျေးရွာ၊ ကျည်တောင်/ ခေါမကျေးရွာ၊ သာယာကျေးရွာ၊ ချောင်းကမ်းကြီးကျေးရွာ၊ မွန်းတည့်ခွင်ကျေးရွာ၊ စည်ပင်သာယာကျေးရွာနှင့် သဲကျွန်းကျေးရွာများတွင် မိုးတွင်းကာလတွင် ဖြစ်ပေါ်တတ်သည့် ရေဘေး၊ မြေပြို၊ ကမ်းပြိုဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား ပြည်သူများသိရှိနိုင်စေရန် အသိပညာပေးလိုက်လံနှိုးဆော်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#npw_Jul_2024

Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events