လယ်ဝေးမြို့နယ်အတွင်းရှိ ကူသပိတ်ကျေးရွာ၊ သာစည်ကျေးရွာ၊ ကြက်သွန်ခင်းကျေးရွာနှင့် ရွှေအုန်းပင်ကျေးရွာများတွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၇-၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် လယ်ဝေးမြို့နယ်အတွင်းရှိ ကူသပိတ်ကျေးရွာ၊ သာစည်ကျေးရွာ၊ ကြက်သွန်ခင်းကျေးရွာနှင့် ရွှေအုန်းပင်ကျေးရွာများတွင် မိုးတွင်းကာလဖြစ်ပေါ်တတ်သည့် ရေဘေး အန္တရာယ်၊ မြေပြို/ ကမ်းပြိုဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား ပြည်သူများသိရှိနိုင်စေရန် အသိပညာပေးလိုက်လံနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ပြီး အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#npw_Jul_2024

Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events