ကရင်ပြည်နယ်၊ဘားအံမြို့နယ်၌ ရေဘေးနှင့်မြေပြိုဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၇-၂၀၂၄)ရက်နေ့နှင့် (၁၈-၇-၂၀၂၄)ရက်နေ့တို့တွင် ဘားအံမြို့နယ်အတွင်းရှိ စုစုပေါင်းကျေးရွာ (၉) ရွာ၊ ရပ်ကွက် (၁) ရပ်ကွက်နှင့် စျေး (၂) စျေး တို့၌ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား ပြည်သူ များသိရှိနိုင်စေရန် လိုက်လံလှည့်လည်နှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဝေငှခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#krn_Jul_2024

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events