မကွေးတိုင်းဒေသကြီး၊အောင်လံခရိုင်၊အောင်လံမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၊ သရက်တောရပ်ကွက်၊ စက်ရုံရပ်ကွက်၊ စမ်းချောင်းရပ်ကွက်၊ ရွာထောင်ရပ် ကွက်၊ မကျီးကုန်းရပ်ကွက်၊ ကွမ်းလောင်းကျေးရွာ၊ ပြလို့အမှတ်(၁)ရပ်ကွက်၊ နံဇူပင်ကျေးရွာတို့၌ (၁၅/၁၆/၁၇-၇-၂၀၂၄)ရက်နေ့တို့တွင် ဧရာဝတီမြစ်ရေဝင်​​ရောက်မှု​ကြောင့် ရေဘေးသင့်ပြောင်းရွှေ့အိမ်ခြေ(၄၂၆)လုံး၊ အိမ်ထောင် စု(၄၂၆)စု၊လူဦးရေ(၁၄၅၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၃,၀၆၁,၈၀ဝိ/-) အား (၁၈-၇-၂၀၂၄)ရက်နေ့တွင် မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ၊အဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်​​​ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld

#mgy_jul2024

Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events