ဇေယျာသီရိမြို့နယ်အတွင်းရှိ ကျောက်ချပ်၊ ထိန်ပင်၊ ရှားဆေးဘို၊ သပြေပင်၊ သစ်ဆတက်ကလေး ကျေးရွာများတွင် သဘာဝဘေးအသိပညာပေးပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၇-၂၀၂၄) ရက်နေ့၊ နံနက်(၀၉း၀၀) နာရီအချိန်မှစ၍ ဇေယျာသီရိမြို့နယ်အတွင်းရှိ ကျောက်ချပ်၊ ထိန်ပင်၊ ရှားဆေးဘို၊ သပြေပင်၊ သစ်ဆတက်ကလေး ကျေးရွာများတွင် သဘာဝေဘးအန္တရာယ်များအနက် ယခုကာလတွင်ဖြစ်ပေါ်တတ်သည့် ရေဘေးအန္တရာယ်နှင့် မြေပြို/ ကမ်းပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား ပြည်သူများသို့ အသိပညာပေး လှည့်လည်နှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#‌npw_jul_2024

Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events