လေးမျက်နှာမြို့၊ မြို့ပေါ်ရပ်ကွက်များအတွင်းတွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည်  (၁၇-၇-၂၀၂၄) ရက်နေ့တွင် လေးမျက်နှာမြို့၊ မြို့ပေါ်ရပ်ကွက်များအတွင်း မိုးရာသီကာလဖြစ်သည့်အတွက် ရေကြီးရေလျှံခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းစသည့် မိုးလေဝသဖြစ်စဥ်များ ဖြစ်ပေါ်လာနိုင်ပါသဖြင့် ပြည်သူများအား သိရှိနိုင်စေရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့နှင့်အတူ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက်  ဆောင်ရန်/ ရှောင်ရန်အချက်များအား လှည့်လည်‌ နှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_Jul2024

Source: ဟင်္သာတခရိုင်ဦးစီးမှုးရုံး (ဘစမ)

Sign Up

Upcoming Events