လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၇-၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီမှ (၁၂:၀၀) နာရီအချိန်အထိ မင်းဘူး(စကု)မြို့နယ်၊ ကျောင်းကုန်းကျေးရွာ၊ သနပ်ပင်စုကျေးရွာ၊ နိဗ္ဗာန်ကျွန်း ကျေးရွာနှင့် ထုံးမကြီးကျေးရွာတို့၌ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအဖွဲ့၊ မီးသတ် တပ်ဖွဲ့များနှင့်ပူးပေါင်း၍ ပြည်သူများသိရှိနိုင်စေရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mgy_Jul2024
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)