စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ရေဘေးအန္တရာယ်အားပြည်သူများ ကြိုတင်သတိပြုနိုင်ရန် ဆောင်ရန်/ရှောင်ရန်များကို အသိပေးနှိုးဆော်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၇-၂၀၂၄) ရက်​နေ့၊ မနက် (၀၈း၀၀) နာရီအချိန်မှ (၀၉း၃၀) နာရီအချိန်အထိ ကသာမြို့၊ ဧရာဝတီမြစ်ကမ်း​ဘေးရှိ ​ရပ်ကွက်နေပြည်သူများအား မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်​ရေသည် ကသာမြို့၌ (၉၅၃) စင်တီမီတာတွင်​ရောက်ရှိ​နေပြီး စိုးရိမ်ရေအမှတ် (၁၀၄၀) စင်တီမီတာသို့ ​ရောက်ရှိလာနိုင်ပါသဖြင့်  ဧရာဝတီမြစ်ရေကြီးခြင်း နှင့်ပတ်သတ်၍ သတိပြု​နေထိုင်​ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်​ရေး အသိ​ပညာပေး​နှိုးဆော်ခြင်းတို့ကို မီးသတ်ဦးစီးဌာန​၊ ပြန်​ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနတို့နှင့်ပူး​ပေါင်း၍ အသိပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#sgg_Jul2024

Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events