ရေကြီးခြင်းသတိပေးချက်

ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် ၁ ပေခန့် (၂၉ စင်တီမီတာ) တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၆ နာရီအတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ကသာမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် ၃ ပေခွဲခန့် (၁၀၂ စင်တီမီတာ) တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၃၆ နာရီအတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် ၃ ပေခန့် (၈၄ စင်တီမီတာ) တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၁ ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် ၈ ပေခွဲခန့် (၂၆၁ စင်တီမီတာ) တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၂ ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်အရ နန့်ယင်းချောင်းရေသည် မိုးကောင်းမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် ၁ ပေခန့် (၂၃ စင်တီမီတာ) တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၆ နာရီအတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်အရ နန့်ကောင်းချောင်းရေသည် မိုးကောင်းမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲခန့် (၄၇ စင်တီမီတာ) တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၆ နာရီအတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။

သို့ဖြစ်ပါ၍ ဗန်းမော်မြို့နယ်၊ ကသာမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ မော်လိုက်မြို့နယ်နှင့် မိုးကောင်းမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုထားပါသည်။

Sign Up

Upcoming Events