ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ ဘားအံမြို့၊ အ.ထ.က (၁) စာသင်ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၉-၆-၂၀၂၄)ရက်နေ့၊ (၀၉:၃၀)အချိန်မှ (၁၂:၀၀) အချိန်ထိ ဘားအံမြို့၊ အ.ထ.က(၁) စာသင်ကျောင်း၌ ဆရာ/မ (၈)ဦးနှင့် ကျောင်းသား/သူ (၂၀၀)ဦး၊ စုစုပေါင်း (၂၀၈)ဦးတို့အား ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ  သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာကိစ္စရပ်များ ဟောပြောဆွေးနွေးခြင်း၊ တောမီးအန္တရာယ်နှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များဟောပြော ဆွေးနွေးခြင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများနှင့် အရေးပေါ်အခြေအနေများဆိုင်ရာကိစ္စရပ်များ ဟောပြောဆွေးနွေး ခဲ့ပါသည်။ ထို့အပြင် ဘေး (၉)မျိုး အသိပညာပေးလက်ကမ်းစာစောင်များအား ကျောင်းသား/သူများထံ ဝေငှပေးခြင်း၊ ကျောင်းဝန်း အတွင်း၌ ဗီနိုင်းပိုစတာကပ်နှံနိုင်ရေးအတွက်  လေပြင်းဘေးအသိပညာပေး ဗီနိုင်းပိုစတာ ပေးအပ်ခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#krn_jun_2024

Source:  ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events