ကရင်ပြည်နယ်၊ ဘားအံမြို့၊တောင်တန်းသာသနာပြုဘုန်းကြီးကျောင်းတွင် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၆-၆-၂၀၂၄)ရက်နေ့၊ (၁၃:၀၀)အချိန်မှ (၁၅:၀၀) အချိန်ထိ ဘားအံမြို့၊ တောင်တန်းသာသနာပြုဘုန်းကြီးကျောင်းတွင် အသိပညာ​ပေးဟောပြောပွဲ ပြုလုပ် ဆောင် ရွက်ခဲ့ပါသည်။အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ  သဘာဝဘေး အန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ၊ တောမီးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်သည့် အသိပညာပေး ဟောပြောမှုများအားလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများနှင့် အရေးပေါ်အခြေအနေ များဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကိစ္စရပ်များအားလည်းကောင်း ကျောင်းသား/သူ (၁၂၀)ဦးတို့အား ဟောပြော ဆွေးနွေးခဲ့ပြီး ဘေး(၉)မျိုး အသိပညာပေးလက်ကမ်းစာစောင် (၈၁၃)စောင် အား ကျောင်းသား/သူများ ထံ ဝေငှခြင်းအားလည်းကောင်း၊ ဘုန်းကြီး​ကျောင်းဝန်းကျင်အတွင်း ကပ်နှံနိုင်ရေးအတွက်  မိုးကြိုး ဘေးအသိပညာပေး(၄x၅)ပေ ဗီနိုင်းပိုစတာအားလည်းကောင်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#krn_jun2024

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events