လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (သန်လျင်)မှ တာဝန်ရှိသူများသည် (၁၄- ၆ -၂၀၂၄) ရက်နေ့တွင် လတ်တလော သောက်သုံးရေလိုအပ်မှုရှိသည့် တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ရပ်ကွက်(၄) ရပ်ကွက်တို့ရှိ လူဦးရေ (၄၀၅၀)ဦးတို့အတွက် သောက်သုံးရေဂါလံ (၂၇၀,၀၀၀)အား သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ha_drg
#ygn_jun2024
Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီမှူးရုံး (ဘစမ)