ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ အမှတ် (၁၅) ရပ်ကွက်၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၆-၂၀၂၄)ရက်​နေ့ (၁၇း၃၀)နာရီအချိန်တွင် ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ အမှတ်(၁၅)ရပ်ကွက်၌ မိုးသည်းထန်စွာရွာသွန်းပြီး ​လေပြင်းတိုက်ခတ်မှု​ကြောင့် ပုသိမ် – မုံရွာလမ်း​ဘေး (ဘုရင်မ ဟာလ၀ါဆိုင်​နောက်ရှိ) ကုက္ကိုလ်ပင်လဲ ကျမှု​ကြောင့်  တစ်စိတ်တစ်ပိုင်းပျက်စီးသွား​သော ပိုင်ရှင်တစ်ဦးတည်းပိုင် လူ​နေအိမ် (၃) လုံးအတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေကျပ် (၅၀,၀၀၀ိ/-)၊ ​ဘေးသင့်အိမ်​ထောင်စု (၃)စုမှ ကျား/မလူဦး​ရေ စုစု​ပေါင်း (၆)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး​ထောက်ပံ့​ငွေကျပ် (၁၂,၆၀၀ိ/-)၊ စုစု​ပေါင်း​ထောက်ပံ့​ငွေကျပ် (၆၂,၆၀၀ိ/-)တိတိအား (၁၃-၆-၂၀၂၄)ရက်​နေ့ (၁၇း၃၀)နာရီအချိန်တွင် သက်ဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ ​ဘေးသင့်ပြည်သူများ လက်၀ယ်သို့အ​ရောက် ​ထောက်ပံ့​ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#ayy_jun_2024

Source:  ပုသိမ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events