မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ် အ.မ.က (မူလွန်)​ ကျောင်းကုန်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၆-၂၀၂၄) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်မှ (၁၀း၃၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်   အ.မ.က (မူလွန်)​ ကျောင်းကုန်းရှိ ကျောင်းသား/သူ အင်အား (၁၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့်ဆောင်ရန်/ရှောင်ရန်အချက်များအား​ ဟောပြောဆွေးနွေးခြင်း လက်ကမ်း စာ​စောင်ဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာဖြန့်ဝေခြင်းနှင့် စာအုပ်များဖြန့်ဝေပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#mon_jun_2024

Source:  သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events