ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း ဖြစ်ပွားသော မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှု သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် နေအိမ်မီး လောင်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် (၂၀၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၄၀၈၀၀၀၀၀/-)၊ အိမ်ထောင်စု (၂၀၀)စုမှ လူဦးရေ (၁၀၇၅)ဦးတို့အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ (၂၂၅၇၅၀၀/-)ကျပ်၊ စုစုပေါင်း (၄၃၀၅၇၅၀၀/-)ကျပ်နှင့် ကယ်ဆယ် ရေးပစ္စည်း (၁၇)မျိုး (၂၀၀)အိမ်ထောင်စုစာတို့အား (၆-၆-၂၀၂၄) ရက်နေ့နှင့် (၇-၆-၂၀၂၄) ရက်အထိ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#krn_jun_2024

Source:  ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events