ကရင်ပြည်နယ်၊ ဘားအံမြို့အ.ထ. က (၂) စာသင်ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၆-၂၀၂၄) ရက်နေ့တွင် ဘားအံမြို့ အ.ထ.က(၂) စာသင်ကျောင်းတွင် ဘေး အန္တရာယ်ဆိုင်စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ၊ တောမီးအန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများနှင့် အရေးပေါ်အခြေအနေများဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကိစ္စရပ်များအားလည်းကောင်း ဆရာ/မ (၈)ဦးနှင့် ကျောင်းသား/သူ (၁၅၈) ဦး၊ စုစုပေါင်း (၁၆၆)ဦးတို့အား ဟောပြောဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဝေငှခြင်းနှင့် သဘာဝဘေးအသိပညာပေးဗီနိုင်းပိုစတာ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#krn_jun_2024

Source:  ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events