လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၂၄) ရက်နေ့ (၁၉:၃၀) နာရီ အချိန်ခန့်တွင်ဖြစ်ပွားခဲ့သောလေဘေးကြောင့် တွံ့တေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဦးထွန်းအိုရပ် ကွက်၊ သဇင်လမ်း၌ မန်ကျည်းပင်လဲကျပြီး သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ကာ (၁) ထပ်နေအိမ် (၁)လုံး အမိုးလန် ပျက်စီးခဲ့သည့်အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀ဝိ/-)နှင့် ဘေးသင့်အိမ်ထောင်စု (၁) စု၊ လူဦးရေ (၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၅၈,၄၀ဝိ/-) တို့အား (၂၈-၅-၂၀၂၄) ရက်နေ့ (၁၄း၃၀) နာရီအချိန်တွင် ပြည်သူများ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha-sgw
#ygn_may_2024
Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)