တွံ့တေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၅-၂၀၂၄) ရက်နေ့ (၁၃း၀၀) နာရီအချိန်မှ (၁၄း၃၀) နာရီအချိန်အထိ တွံ့တေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင်  မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊  အုပ်ချုပ်ရေးမှူး/ ရပ်ကျေးစာရေးများနှင့် ပြည်သူလူထု (၂၀၀) တို့အား လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက်  ဆောင်ရန်/ ရှောင်ရန်အချက်များသိရှိနိုင်စေရန်အတွက် သဘာဝဘေး အသိပညာပေးဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#ygn_may_2024

Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events