တွံ့တေးခရိုင်၊ တွံ့တေးမြို့နယ်၊ ပိတ်စွယ် အ.မ.က စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၅-၂၀၂၄) ရက်နေ့ (၁၁း၀၀) နာရီမှ (၁၂း၃၀) နာရီအချိန်အထိ တွံ့တေးခရိုင်၊ တွံ့တေးမြို့နယ်၊ ပိတ်စွယ် အ.မ.က စာသင်ကျောင်းတွင် ပြည်သူလူထု (၂၀၀) တို့အား လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက်  ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိနိုင်စေရန်အတွက် သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#ygn_may_2024

Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events