ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ် (၅/၂၀၂၄) ဖွင့်လှစ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်နိုင်ရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ် (၅/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို (၂၈-၅-၂၀၂၄) ရက်နေ့တွင် ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် နံနက် (၀၉:၀၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး (၂၈-၅-၂၀၂၄) ရက်နေ့မှ (၃၀-၅-၂၀၂၄) ရက်နေ့အထိ (၃) ရက်တာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်  ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သူများ၊ စုစုပေါင်း (၈၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#npw_may_2024

Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events