ဟင်္သာတမြို့နယ်၊ ဟင်္သာတ-တလုတ္ထော်-မြန်အောင် ကားလမ်းတွင် ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ဟင်္သာတ-တလုတ္ထော်-မြန်အောင် ကားလမ်း၌ (၂၅-၅-၂၀၂၄) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် သစ်ပင်ပိဒဏ်ရာရလူနာ (၂) ဦးအတွက် တစ်ဦးလျှင် (၅၀,၀၀၀)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၁၀၀,၀၀၀) အား (၂၇-၅-၂၀၂၄) ရက်နေ့ (၁၃:၃၀) အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်‌ခဲ့ပါ‌ကြောင်း သတင်းရရှိပါသည်။

#ha-sgw

#ayy_may_2024

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events