ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ သုံးခွ(မကျည်းပင်)အုပ်စု၊ သုံးခွကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးအတွက်ထောက်ပံ့မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာ၀တီတိုင်း​ဒေသကြီးဦးစီးမှူးရုံးနှင့် ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၊ သုံးခွ(မကျည်းပင်)အုပ်စု၊ သုံးခွ​ကျေးရွာတွင် (၂၆-၅-၂၀၂၄)ရက်​နေ့ (၀၆း၂၀)နာရီအချိန်၌ ဖြစ်ပွားခဲ့​သော ​လေ​ဘေး​ကြောင့် ပြိုကျအိမ်ခြေ (၁၁) လုံးအတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေ (၁,၂၀၀,၀၀၀ိ/-)၊ အမိုးလန်​နေအိမ် (၂၁) လုံးအတွက်အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေ (၈၁၀,၀၀၀ိ/-)၊ စုစု​ပေါင်းထောက်ပံ့ငွေ (၂,၀၁၀,၀၀၀ိ/-)၊ ဘေးသင့်လူဦး​ရေစုစု​ပေါင်း (၁၁၃) ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုး​​ထောက်ပံ့​ငွေ (၂၃၇,၃၀၀ိ/-)၊ ဒဏ်ရာရရှိသူ (၃) ဦးအတွက်​ထောက်ပံ့​ငွေ(၁၅၀,၀၀၀ိ/-)၊ စုစု​ပေါင်း​ထောက်ပံ့​ငွေ (၂,၃၉၇,၃၀၀ိ/-) နှင့် ကယ်ဆယ်​ရေးပစ္စည်း (၁၇)မျိုး (စက္ကူပုံး)ပါ (၁၁)ပုံး (၅၀၆,၃၉၆/-) တို့အား (၂၇-၅-၂၀၂၄)ရက်​နေ့ (၁၃း၄၅) နာရီအချိန်တွင် ငပု​တောမြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ တာ၀န်ရှိသူများမှတစ်ဆင့် ​ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့​ပေးအပ်ခဲ့ပါ​ကြောင်း သတင်းရရှိပါသည်။

#ha-sgw

#npw_may_2024

Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events