မင်းလှမြို့နယ်၊ သရော(အမ်)ကျေးရွာအုပ်စု၊ သစ်တူးအိုင်ရွာ၊ သရောရွာ၊ သရက်ပင်ဆိပ်ရွာ၊ ရှားပင်ကွေ့ရွာ၊ ကိုင်းပြင်ကြီးကျေးရွာအုပ်စု၊ ကိုင်းပြင်ကြီးရွာမရွာ၊ ကိုင်းပြင်ကြီးမြောက်စုရွာတို့တွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထား‌ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၅-၂၀၂၄) ရက်နေ့ (၀၇း၀၀) နာရီမှ (၁၀း၀၀) နာရီအချိန်ထိ မင်းလှမြို့နယ်၊ သရော(အမ်)ကျေးရွာအုပ်စု၊ သစ်တူးအိုင်ရွာ၊ သရောရွာ၊ သရက်ပင်ဆိပ်ရွာ၊ ရှားပင်ကွေ့ရွာ၊ ကိုင်းပြင်ကြီးကျေးရွာအုပ်စု၊ ကိုင်းပြင်ကြီးရွာမရွာ၊ ကိုင်းပြင်ကြီးမြောက်စုရွာတို့တွင် လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက်  ဆောင်ရန်/ ရှောင်ရန်အချက်များ အား ပြည်သူများသိရှိနိုင်စေရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း တို့ကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#bgo_may_2024

Source: မင်းလှမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events