လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၂၄) နေ့တွင် မင်းဘူးမြို့၊ အမှတ်(၃) ရပ်ကွက်နှင့် အမှတ် (၄) ရပ်ကွက်တို့၌လည်းကောင်း၊ (၂၆-၅-၂၀၂၄) နေ့တွင် မင်းဘူး(စကု)မြို့နယ်၊ နိဗ္ဗာန်ကျွန်းကျေးရွာ၊ ထုံးမကြီးကျေးရွာ၊ မန်းကျိုးကျေးရွာနှင့် ရွာသာကျေးရွာတို့၌လည်းကောင်း မုန်တိုင်းဘေးအန္တရာယ်သတိပေးခြင်းနှင့် မုန်တိုင်းဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mgy_may_2024
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)